ရုပ်သံသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အကြောင်းကို စစ်တပ်ထဲမှာ ဘယ်လိုဝါဒဖြန့်လဲ

“၂၀၁၅က လက်ထောက်မဲတွေလုပ်ခဲ့တာတောင် မနိုင်ခဲ့တာ၊ ၂၀၂၀မှာ လွတ်လွတ်လပ်လပ် မဲပေးရတဲ့အခါမှာ ဘယ်လိုလုပ် မဲလိမ်တယ်ဆိုတာ ဖြစ်နိုင်မှာလဲ”

“နိုင်ငံပျောက်မယ်ဆိုတဲ့ အနေအထားတွေအထိပေါ့နော်။ တပ်မတော်ကြီးက ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဝါဒမှိုင်းဖြန့်တာ”

ကိုယ်တိုင်ထုတ်လုပ်ပေးရတဲ့ လက်နက်ခဲယမ်းတွေနဲ့ ပြည်သူကို ပြန်သတ်နေတဲ့လုပ်ရပ်ကို လိပ်ပြာမလုံတာကြောင့် ၉နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်လက်နက်ပစ္စည်း စက်ရုံတစ်ခုကနေ ပြည်သူ့ဘက်ကို ရပ်တည်လာတာလို့ တပ်သား ကောင်းထက်အောင်က ပြောပြပါတယ်။

မဲစာရင်းမှားယွင်းတယ်လို့အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ စစ်တပ်အကြီးအကဲတွေက ကြံ့ခိုင်ရေးပါတီကို မဲထည့်ဖို့ လှုံ့ဆော်ခဲ့တဲ့အကြောင်းတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို အပုပ်ချပြီး တပ်တွင်းမှာ ဝါဒဖြန့်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့သူ CDM တပ်မတော်သားတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/nRmUN4VpPl8]

Show More

Related Articles

Back to top button