
ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်ကြားတွင်ရှိသည့် သီးမြစ်ကူးတံတားကို အောက်တိုဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ချင်းအမျိုးသားတပ်ဦး(CNF) နှင့်ကာကွယ်ရေးအဖွဲ့ (CDF) တို့က မိုင်းခွဲဖျက်ဆီးခဲ့ကြပါသည်။
လက်ရှိအချိန်တွင် ဤတံတားအား အများပြည်သူ အသုံးပြုမှုမရှိသလို စစ်ရေးဗျူဟာအရ အချက်အချာကျနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ချီတက်ရာလမ်းကြောင်းကို နှောင့်နှေးစေရန် ယခုလို ဖျက်ဆီးခဲ့ရခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)၏ ပြောရေးဆိုခွင့်ရှိသူက ဆိုပါသည်။
[youtube https://youtu.be/pTaCqdRPd30]