ရုပ်သံသတင်း

အင်းစိန်ထောင်ထဲက သူရဦးအောင်ကိုရဲ့ သတင်းစကား

“အားတင်းထားကြဖို့၊ စိတ်မလျှော့ကြဖို့ ကျွန်တော်တို့ကို သူက Motivate(စိတ်ဓာတ်ခွန်အားမြှင့်တင်) ပေးပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်မှာတော့ ပိန်ကျသွားတယ်။ အရင်ကလို ပြည့်ပြည့်ဖြိုးဖြိုး မဟုတ်ဘူး”

အာဏာသိမ်းစစ်ကောင်စီက အာဃာတဖြင့် ဖမ်းဆီးထားသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုသည် လက်ရှိတွင် အင်းစိန်အကျဉ်းထောင် တိုက် ၁၊ အခန်း ၁ တွင် နေထိုင်နေရပြီး ပုံမှန်သောက်နေကျဆေး အလုံအလောက်မရဘဲ ရုပ်ပိုင်းအားဖြင့်လည်း အတော်ပိန်သွားသည်ဟု အောက်တိုဘာ ၁၈ တွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက Myanmar Now ကို ပြောသည်။

တပ်မတော်တွင် သူရဘွဲ့ရခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အသက် ၇၃နှစ်အရွယ် သူရဦးအောင်ကို၏ အများပြည်သူသို့ပေးလိုသော သတင်းစကား၊ အင်းစိန်ထောင်တွင်း နေထိုင်နေရသည့်အခြေအနေများနှင့်ပတ်သက်ပြီး သူရဦးအောင်ကိုနှင့် ၆ ကြိမ်တိုင် တွေ့ဆုံစကားပြောခဲ့ရသူကို ဆက်သွယ်မေးမြန်းထားပါသည်။

[youtube https://youtu.be/SCVlFT8eHyY]

Show More

Related Articles

Back to top button