
ဖမ်းဆီးခံထားရသည့် သတင်းသမား အများအပြားရှိသော်လည်း အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့ (အောက်တိုဘာ ၁၈) မှစ၍ လွတ်ငြိမ်းသက်သာခွင့်ပေးသော အကျဉ်းသား ၅၀၀၀ ကျော်တွင် သတင်းသမားတချို့သာ ပါဝင်နေသည်။
ယနေ့(အောက်တိုဘာ ၁၉) မွန်းလွဲပိုင်းအချိန်အထိ အတည်ပြုနိုင်သည့် အချက်အလက်များအရ ပြန်လည်လွတ်မြောက်လာသည့် သတင်းထောက်များစာရင်းတွင် မြိတ်မြို့မှ ၂ ဦး၊ မြစ်ကြီးနားမှ ၅ ဦး၊ ပြည်မှ ၁ ဦး၊ မင်းလှမှ ၁ ဦး၊ ရန်ကုန်မှ ၃ ဦး၊ မွန်မှ ၁ ဦး၊ စုစုပေါင်း ၁၃ ဦးပါဝင်သည်။
[youtube https://youtu.be/zOM4nIQMEkc]