ရုပ်သံသတင်း

မိတ္ထီလာ NLD အမတ်နှင့် ပါတီဝင်အချို့ ထောင်ဘူးဝ၌ ပြန်အဖမ်းခံရ

အကျဉ်းကျနေသူ ၁၃၁၆ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်းနှင့် တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦးကို အမှုပိတ်သိမ်းကြောင်း စစ်ကောင်စီက ယမန်နေ့တွင် ကြေညာခဲ့ရာ မိတ္ထီလာမြို့နယ် တိုင်းဒေသကြီးအမတ် ဦးလွင်မောင်မောင်၊ NLD ပါတီ ခရိုင်အတွင်းရေးမှူးနှင့် အခြားသူ ၉ ဦးမှာ အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် အဖမ်းခံခဲ့ရသည်။

AAPP ၏ စာရင်းပြုစုမှုအရ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၈ အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၇၃၅၅ ဦးရှိကာ ယင်းအနက် ထောင်ဒဏ်ချမှတ်ခံရသူ ၃၅၄ ဦးရှိသည်။ ထို့ပြင် သေဒဏ်ချမှတ်ခံရသူ ၆၅ ဦးရှိကာ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများအတွင်း စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ရသူ ၁၁၈၁ ဦးရှိပြီဖြစ်ကြောင်းလည်း AAPP က ဆိုသည်။

[youtube https://youtu.be/Wz2-LhONxkc]

Show More

Related Articles

Back to top button