
ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ မတရားဖမ်းဆီးခံထားရသူများကို ထပ်မံလွှတ်ပေးနေပါသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင်ပါဝင်ခဲ့သဖြင့် မတရားဖမ်းဆီးထောင်ချခံနေရသူများ၊ တရားစွဲခံနေရသူများ စုစုပေါင်း ၅၀၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးနေမည်ဟု ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့က ကြေညာခဲ့ပြီး ညနေပိုင်းကစလို့ အကျဉ်းထောင်အသီးသီးမှ ပြန်လွှတ်ပေးနေခြင်းဖြစ်ကာ ထိုအထဲတွင် ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံထားရသူများ အများဆုံးပါဝင်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ NLD ပါတီဝင်များနှင့် သတင်းသမားများလည်းပါဝင်ပါသည်။
[youtube https://youtu.be/x7zk2-7lwkc]