
အမျိုးဘာသာသာသနာ ခေါင်းစဉ်တပ်ကာ ဘာသာရေးမှိုင်းမိနေသူများနှင့် စစ်သားသားသမီးအချို့ကလွဲ၍ လက်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်ထဲဝင်မည့်သူ မရှိသလောက် နည်းပါးသွားပြီဟု ကာကွယ်ရေးပစ္စည်း(ကပစ)စက်ရုံတစ်ခုတွင် ၇နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည့် CDM တပ်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးခန့်ကို က ပြောလိုက်သည်။
နိုင်ငံနှင့်ပြည်သူကို ကာကွယ်ရမည့် စစ်တပ်က ၎င်းနှင့်မဆိုင်သည့် တိုင်းပြည်အာဏာကို လိုချင်နေသရွေ့ ပြည်သူနှင့်ဝေးကွာနေဦးမည့်အကြောင်း၊ စစ်ဗိုလ်ချုပ်များ၏ ကိုယ်ကျိုးရှာအမြတ်ထုတ်မှုနှင့် တပ်တွင်းအခြေအနေများနှင့်ပတ်သက်ပြီး ဗိုလ်ကြီးခန့်ကို ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်
[youtube https://youtu.be/mxW69Pkyj_E]