
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးမှု ၆နှစ်ပြည့်သည့် အောက်တိုဘာ ၁၅ရက်နေ့တွင် အာဏာသိမ်းစစ်တပ်အနေဖြင့် မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေမှုက နုတ်ထွက်ကြောင်း တရားဝင်ကြေညာထုတ်ပြန်ရန် ကရင်အမျိုးသားအစည်းအရုံး KNU က ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါသည်။
လက်ရှိ မြန်မာနိုင်ငံအခြေအနေသည် စစ်အာဏာသိမ်းမှုကြောင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး ဖိနှိပ်မှုပေါင်းများစွာနှင့် လူမှုစီးပွားဒုက္ခပေါင်းများစွာကို ခါးစည်းရင်ဆိုင်ခံစားနေကြရပြီး နိုင်ငံပြိုလဲပျက်စီးမည့်အနေအထားသို့ ရောက်ရှိနေပြီဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်
[youtube https://youtu.be/zBVT4ChkUqo]