ရုပ်သံသတင်း

သတင်းထောက်ဟောင်းမသူဇာကို ပထမဆုံးအကြိမ်ရုံးထုတ်

အလွတ်တန်းသတင်းထောက် မသူဇာကို ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တရားရုံးတွင် နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-ကဖြင့် ပထမအကြိမ် ရုံးထုတ်စစ်ဆေးပြီး ဒုတိယအကြိမ် ရုံးချိန်းကို အောက်တိုဘာ ၂၇ ရက်နေ့တွင် ပြန်လည်ချိန်းဆိုလိုက်ကာ အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရပါသည်။

စက်တင်ဘာ ၁ ရက်နေ့ကတည်းက အဆက်အသွယ်ပြတ်နေသည့် မသူဇာနှင့် ပထမဆုံးအကြိမ် လူချင်းပြန်လည်တွေ့ဆုံရသော်လည်း မသူဇာအနီးတွင် ရဲတပ်ဖွဲ့ဝင်များရှိနေသဖြင့် လွတ်လပ်စွာ စကားပြောခွင့်မရကြောင်း ခင်ပွန်းဖြစ်သူ ကိုရဲကိုကိုက ဆိုပါသည်။

[youtube https://youtu.be/RbP2Rt8jAYU]

Show More

Related Articles

Back to top button