ရုပ်သံသတင်း

သုံးခွမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက်နုတ်ထွက်

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုနုတ်ထွက်ရန် ဒေသခံကာကွယ်ရေးအဖွဲ့ Thongwa Youth Force (TYF) က သတိပေးစာထုတ်ပြန်လိုက်ပြီးနောက် ၅ ရက်အတွင်း တစ်မြို့လုံးက ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တစ်ပြိုင်တည်း အစုလိုက်အပြုံလိုက် နုတ်ထွက်သွားကြောင်း Thongwa Youth Force (TYF) မှသိရသည်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ သတိပေးမှုကြောင့် နိုင်ငံအနှံ့ရှိ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်နေကြပြီး အောက်တိုဘာ ပထမပတ်ကလည်း ခရမ်းမြို့နယ် မြို့ပေါ်နှင့် ကျေးရွာများက အုပ်ချုပ်ရေးမှူး ၂၅ ယောက် နုတ်ထွက်သွားခဲ့ပါသည်။

[youtube https://youtu.be/_82e0ZAbWeo]

Show More

Related Articles

Back to top button