
အောက်တိုဘာလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ပုလဲ-ဂန့်ဂေါကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်ယာဉ်တန်း ကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီကို ဘယ်လိုတိုက်ခိုက်နေသလဲ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏ထိုးစစ်ဆင်မှုများကို ကာကွယ်ရန် ဘယ်လိုစီစဉ်ဆောင်ရွက်နေသလဲ လက်ရှိ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
[youtube https://youtu.be/qtK7gNZvYwQ]