
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ ပုဏ္ဏားကြီးကျေးရွာကို ယမန်နေ့ (အောက်တိုဘာ ၁၀) မနက်ပိုင်းက ရောက်သွားသော စစ်ကောင်စီတပ်များက နေအိမ် ၆ လုံးခန့်ကို ဝင်ရောက်စီးနင်းရှာဖွေကာ ရွာသားတစ်ဦးကို ရိုက်နှက်ခဲ့သည်ဟု ဒေသခံ ၂ ဦးထံမှ သိရသည်။
ပုဏ္ဏားကြီးကျေးရွာကို ရောက်သွားသော စစ်ကောင်စီတပ်များက အမျိုးသားတစ်ဦးကို ဖမ်းဆီးရိုက်နှက်ကာ NLD ခေါင်းဆောင်တို့၏ နေအိမ်များကို ပြသခိုင်းခဲ့သည်။
[youtube https://www.youtube.com/watch?v=NSgnHFtUOsk]