ရုပ်သံသတင်း

ဒီးမော့ဆိုတွင် ရိက္ခာပြန်ယူသည့် ရွာသားတစ်ဦးကို စစ်ကောင်စီပစ်သတ်

စစ်ရေးတင်းမာမှုများရှိနေသည့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် စံပြခြောက်မိုင်ရွာတွင် ရိက္ခာပြန်ယူသည့် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်သတ်ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်‌ရေးတပ် KNDF ပြောရေးဆိုခွင့်ရှိသူက Myanmar Nowကို ပြောပါသည်။

စစ်အာဏာသိမ်းပြီးကတည်းက ယခုအချိန်အထိ ကရင်နီဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့ အင်အားစု PKPF က သတင်းထုတ်ပြန်ထားပါသည်။

[youtube https://youtu.be/2UgJkcYW-wE]

Related Articles

Back to top button