ရုပ်သံသတင်း

စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကိုလက်နက်ကြီးဖြင့်ပစ်ခတ်ပြည်သူတစ်ဦးသေဆုံး

အောက်တိုဘာ ၆ ရက်နေ့ ညကိုးနာရီခန့်က လွိုင်ကော်မြို့ပေါ်သို့ စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် လူနေရပ်ကွက်အတွင်းကျရောက်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးကာ ဆယ်ဦးထက်မနည်း ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သလို လူနေအိမ်အချို့ ပျက်စီးခဲ့သည်။

ကယားပြည်နယ်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုစသည့် မြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများရှိသလို စစ်ကောင်စီဘက်က မြို့ရွာများအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် အရပ်သားပြည်သူများ ဒဏ်ရာရသေဆုံးခဲ့သလို နေအိမ်မီးလောင်ပျက်စီးမှုများလည်း ရှိခဲ့သည်။

[youtube https://youtu.be/Pk0XBZt8-zE]

Show More

Related Articles

Back to top button