အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြစ်ငယ်တွင် ဒလန်ဟု ယူဆရသည့် မီးရထားအရာရှိ ပစ်သတ်ခံရ

မန္တလေး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေကြသည့် မီးရထားဝန်ထမ်းများ၏ သတင်းကို စစ်ကောင်စီထံ ပေးပို့နေသည်ဟု စွပ်စွဲခံရသည့် ရထားအရာရှိတစ်ဦး ယမန်နေ့ (စက်တင်ဘာ ၆) က ပစ်သတ်ခံခဲ့ရသည်။  

မြစ်ငယ်မီးရထားစက်ခေါင်းစက်ရုံမှ လက်ထောက်အင်ဂျင်နီယာ ဦးစံထွန်းမြိုင် မြစ်ငယ်မြို့မဈေးမှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အမျိုးသားနှစ်ဦးက မြစ်ငယ်မြို့မအုပ်စု၊ နှင်းဆီရပ်ကွက်အတွင်း သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်သည်။

“သူက CDM တွေ စလုပ်ကြပြီဆိုကတည်းက မပါဘဲနဲ့ စစ်ကောင်စီနဲ့ ပေါင်းပြီးတော့ CDM လုပ်တဲ့ ဝန်ထမ်းတွေကို နှိပ်ကွပ်လာတဲ့လူပါ။ ဝန်ထမ်းတွေကို ဖမ်းတာ၊ ဝန်ထမ်းတစ်ထောင်ကျော်ကို အလုပ်ထုတ်ဖို့ လုပ်တာတွေကို စစ်ကောင်စီနဲ့ ပေါင်းပြီး လုပ်နေတဲ့သူ။ အခြား သူနဲ့ရာထူးတူတဲ့လူတွေ ဖမ်းခံရတာလည်း အဲ့ဒီ ဦးစံထွန်းမြိုင်တို့ကပဲ စစ်ကောင်စီနဲ့ ပေါင်းပြီး လုပ်ခဲ့ကြတာ။ အမြဲတမ်း လက်ထောက်ချနေခဲ့တာ။ အခုတော့ သူ့လမ်းသူသွားရတာပါပဲ”ဟု မန္တလေးမြန်မာ့မီးရထားမှ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

ထိုမီးရထားအရာရှိ သွေးအလိမ်းလိမ်းဖြင့် ဆိုင်ကယ်ပေါ် လဲကျနေသည့် ဓာတ်ပုံ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေပြီး မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သည်ကို အသေးစိတ်မသိရပေ။ 

သူ၏ ညီနှစ်ယောက်မှာလည်း မီးရထားအရာရှိများဖြစ်ကြကြောင်း၊ အခြားတစ်ဦးမှာ မီးရထားစက်ခေါင်းမောင်းဖြစ်ကြောင်း သိရသည်။

ညီများဖြစ်သော ဦးခိုင်ထွန်းမြိုင်နှင့် ဦးနိုင်နိုင်ထွန်း ဆိုသူမှာ CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းမရှိဘဲ CDM ဝန်ထမ်းများကို နှိပ်ကွပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အခြားညီတစ်ဦးဖြစ်သူ စက်ခေါင်းမောင်း ဦးရင်ထွေးမှာ CDM တွင် ပါဝင်နေသူဖြစ်ကြောင်း CDM ဝန်ထမ်းများနှင့် မြစ်ငယ်မြို့ခံများက ပြောကြသည်။

ပစ်သတ်ခံရသူ ထိုမီးရထားအရာရှိတွင် စစ်တက္ကသိုလ်ဆင်း သားတစ်ဦးလည်းရှိသည်ဟု မြစ်ငယ်မြို့ခံများအဆိုအရ သိရသည်။

မြစ်ငယ်မြို့တွင် အခြေစိုက်တာဝန်ထမ်းဆောင်ရသည့် မီးရထားဝန်ထမ်း ၂၀၀၀ ဝန်းကျင်ရှိသည့် အနက်မှ စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူလိုက်သည့်အချိန်တွင် ဝန်ထမ်းပေါင်းများစွာ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

တာဝန်နှင့် ရာထူးများမှ ထုတ်ပယ်ခံခဲ့ကြရသော်လည်း လက်ရှိအချိန်အထိ အာဏာဖီဆန်နေသည့် မီးရထားဝန်ထမ်း ၁၂၀၀ နီးပါး ရှိနေဆဲ ဖြစ်သည်။

မြန်မာ့မီးရထားဌာန၏ တစ်နိုင်ငံလုံးမှ ဝန်ထမ်းအများစု CDM တွင် ပါဝင်ခဲ့ကြသောကြောင့် ရထားပြေးဆွဲမှုအားလုံးနီးပါး ရပ်ဆိုင်းခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button