
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ် ပုလဲမြို့နယ်အနောက်ပိုင်းရှိ နတ်ထိပ်တောင် (ပုံတောင်) ရေနံမှော်ရွာကို စစ်ကောင်စီတပ်က ယနေ့ (အောက်တိုဘာ ၅) နံနက်ပိုင်းတွင် မီးတင်ရှို့နေသည်ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဗိုလ်သူရိန်က Myanmar Now ကို ပြောသည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ နှစ်ရက်ဆက် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကျေးရွာအချို့ကို မီးရှို့နေခြင်းဖြစ်သည်။
[youtube https://youtu.be/DRbT80krGaU]