ရုပ်သံသတင်း

ထီးချိုင့်မြို့၊ အလယ်တောရွာရဲစခန်း မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၊ အလယ်တောရွာရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်နေ့ ည ၈ နာရီဝန်းကျင်က မီးရှို့ရာ အဆောက်အအုံတစ်လုံးနှင့် ကားတစ်စီး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ထီးချိုင့်မြို့နှင့် ၅ မိုင်ခန့်အကွာရှိ အဆိုပါ ရဲစခန်းတွင် မည်သူမျှ ရှိမနေကြောင်း၊ စခန်းမှ ရဲများမှာ ပြီးခဲ့သည့် လေးလခန့်ကတည်းက ထီးချိုင့်မြို့မရဲစခန်းသို့ သွားရောက် စုဝေးနေခြင်းဖြစ်ကြောင်း ထီးချိုင့်မြို့ဒေသခံများထံမှ သိရသည်။

[youtube https://www.youtube.com/watch?v=UMjfKNjh720]

Show More

Related Articles

Back to top button