
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ ပျဉ်ထောင်ကျေးရွာကို စစ်ကောင်စီ လက်နက်ကိုင်များ အောက်တိုဘာ ၁ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၆ နှစ်အရွယ်ကလေးအပါအဝင် ဒေသခံငါးယောက်ကို သတ်ဖြတ်ခဲ့ကာ လူနေအိမ်သုံးလုံးကိုဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေကအတည်ပြုပါသည်။
ပစ်သတ်ခံရသည့် အသက်၆ နှစ်အရွယ် မမျိုးသန္တာလှိုင်၏ဖခင်သည် ကန့်ဘလူမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဒေသခံများက အတည်ပြုပြောဆိုခဲ့သော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုမှု မရရှိသေးပေ။
[youtube https://youtu.be/xl44L5blNfk]