
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိအမှုတစ်ခုကို နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားရုံး၌ ယနေ့ (အောက်တိုဘာ ၁) စစ်ဆေးခဲ့ရာ စစ်ကောင်စီ၏ အဓိကသက်သေအဖြစ် ဦးဖြိုးမင်းသိန်းရောက်လာကာ ကိုယ်တိုင်လာဘ်ပေးခဲ့ရသည်ဟု ထွက်ဆိုသွားသည်။
စစ်ကောင်စီဘက်မှ သက်သေထွက်သည့် ဦးဖြိုးမင်းသိန်းတွင် မည်သည့်ဖိအားကြုံနေရသည်ကို မခန့်မှန်းနိုင်သော်လည်း ထိုအမှုအတွက် ၎င်း၏ ပြောဆိုချက်များမှာ လွန်စွာအရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီး ဦးသိန်းဦးက ပြောသည်။
[youtube https://youtu.be/NePk0qMGGoY]