
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ဘုရားလမ်းမီးပွိုင့်ရှိ ယာဉ်ထိန်းရဲရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁ရက် နေ့လယ်ပိုင်းကပစ်ခတ်တိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီ ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်အခြေစိုက်မြို့ပြပြောက်ကျားအဖွဲ့ဝင်များက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှု၊ ဖမ်းဆီးနှိပ်စက်မှုများကို ပြည်သူများ ရရာလက်နက်စွဲကိုင် တော်လှန်လာကြပြီး နိုင်ငံအနှံ့အပြားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ခိုက်လာကြသဖြင့် စစ်ကောင်စီဘက်က နေ့စဉ် ထိခိုက်သေဆုံးမှုများရှိနေပါသည်။
[youtube https://youtu.be/DgIJEu2ndeA]