
အာဏာသိမ်းစစ်ခေါင်းဆောင်များသည် ကိုယ့်လူသူ့ဘက်မပါစေရန် စစ်တပ်အတွင်း နည်းလမ်းပေါင်းစုံဖြင့် စည်းရုံးသိမ်းသွင်းမှုများ လုပ်နေသည်ဟု အာဏာဖီဆန်ရေး(CDM)လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဗိုလ်ကြီးထက်မြက်က ပြောလိုက်သည်။
ဆန္ဒပြပြည်သူများကို ဖြိုခွင်းရန် စစ်ကောင်စီ၏ ပစ်မိန့်ပေးခြင်း ခံရပြီးနောက် စစ်တပ်ကို စွန့်ခွာခဲ့သူ၊ စစ်တပ်အရာရှိကြီးတစ်ဦး၏ ကိုယ်ရေးအရာရှိဖြစ်ခဲ့သူ ဗိုလ်ကြီးထက်မြက် ကို လတ်တလော တပ်တွင်းအခြေအနေများ၊ စစ်ဗိုလ်ချုပ်ကြီးများ၏ ကိုယ်ကျိုးစီးပွားရှာ အမြတ်ထုတ်မှုများကြောင့် အောက်ခြေအရာရှိ၊ စစ်သည်များ၏ ဘဝအခြေအနေများနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါသည်။
[youtube https://youtu.be/5DlhQNwU5fQ]