အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်လက်နက်ပစ္စည်းဝယ်ယူရေးရုံး ‌ဗုံးခွဲခံရမှု ဆက်သွယ်မေးမြန်းချက်

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ စစ်ကောင်စီ၏ ပစ္စည်းဝယ်ယူရေး(ကကဝယ်)ရုံးအတွင်း စက်တင်ဘာ ၃၀ ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိုဖောက်ခွဲမှုသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော် PDF)နှင့် အမည်မဖော်လိုသော တော်လှန်ရေးအင်အားစုတစ်ရပ်က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော်(PDF)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငွေစိုးက Myanmar Now ကို ပြောသည်။

အဆိုပါ ကကဝယ်ရုံးသည် ပြည်ပမှ စစ်လက်နက်ပစ္စည်းများဝယ်ယူခြင်း၊ ကက(ဆေး)၊ ကက(ထုတ်)၊ ကက(ပံ့)အတွက် ပြည်ပမှ ပစ္စည်းများကို ဝယ်ယူခြင်းနှင့် ဦးပိုင်နှင့်ချိတ်ဆက်ပြီး တင်ဒါခေါ်ယူခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ပြီး ဗိုလ်ချုပ်တစ်ဦးက ညွှန်ကြားရေးမှူးအဖြစ် အဓိက တာဝန်ယူထားသည်။

[youtube https://youtu.be/a_DyWGlO5B0]

Related Articles

Back to top button