
တစ်လကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့် သတင်းထောက်ဟောင်း မသူဇာကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားပြီး ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅/က ဖြင့် အမှုဖွင့်ခံထားရကြောင်း သူ့၏မိသားစုဝင်ကပြောပါသည်။
တစ်လလုံး သတင်းအစအန စုံစမ်းမရသောကြောင့် မိသားစုကလူပျောက်တိုင်ချက် ဖွင့်ရန်စီစဉ်နေစဉ် ယခုလို ရဲစခန်းကဆက်သွယ်လာတာဖြစ်ကြောင်း မသူဇာ၏ ခင်ပွန်းဖြစ်သူ ကိုရဲကိုကိုက Myanmar Now ကိုပြောပါသည်။
[youtube https://youtu.be/pjSa8bSX2hQ]