
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာပတ်ဝန်းကျင်တွင် စက်တင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းကစပြီး ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။
စက်တင်ဘာ ၂၉ ရက်နေ့ကတည်းက ကုန်းသာရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် နှစ်ဖက် ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့သလို ဖယ်ခုံ PDF က ၄ ဦး KNDF က ၁ ဦး စုစုပေါင်း ၅ ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့ပြီး ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့ တိုက်ပွဲနှင့် ပတ်သက်ပြီး ထိခိုက်ကျဆုံးစာရင်းအတိအကျ မသိရသေးပေ။
[youtube https://youtu.be/23aSYg4d95A]


