ရုပ်သံသတင်း

ဂန့်ဂေါနယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ၂၀ဦးခန့် သေဆုံး

ဂန့်ဂေါ-ကလေး လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ဂန့်ဂေါ(PDF)နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး စက်တင်ဘာ ၂၉ နံနက်ပိုင်းက အဝေးပစ်လက်လုပ်တူမီးအကြီးစားများဖြင့် တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း တို့ကြောင့် စစ်ကောင်စီဘက်က ၂၀ဦးဝန်းကျင်ခန့် သေဆုံးခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့က ပြောသည်။

အင်အား ၁၀၀ဝန်းကျင်ခန့် ကလေးမြို့ဘက်မှ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိနာသွားသည့် စစ်ကောင်စီတပ်များသည် ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို ဝင်ရောက်ပြီး နေအိမ် ၈လုံးကို မီးရှို့ဖျက်ဆီးသွားသည်။

[youtube https://youtu.be/_uPYRWFyx8I]

Show More

Related Articles

Back to top button