
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို စက်တင်ဘာ ၃၀ ရက်နေ့ နောက်ဆုံး နုတ်ထွက်ကြရန် ချောင်းဦးPDF က စက်တင်ဘာ ၂၄ ရက်နေ့က သတိပေးပြီးနောက် တစ်ပတ်အတွင်း မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး အားလုံးနီးပါး နုတ်ထွက်စာတွေတင်လာကြသည်။
ချောင်းဦးမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်းသုံးဆယ်ကျော်ရှိပြီး Myanmar Now ကရရှိထားသည့် စာရင်းများအရ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၃ ယောက်နုတ်ထွက်စာတင်ထားကြောင်း အတည်ပြုနိုင်ခဲ့ပြီး ထို့ထက်အရေအတွက်ပိုများနိုင်သလို နုတ်မထွက်ရသေးသည့် အုပ်ချုပ်ရေးမှူးများကိုလည်း နုတ်ထွက်ကြရန် တောင်းဆိုထားသည်။
[youtube https://youtu.be/UjZ36T2OwrE]