
လက်ရှိအချိန်တွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကယားပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသလို ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်နယ်စပ်ဖြစ်သည့် ဖယ်ခုံမြို့ပတ်ဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဖယ်ခုံ PDF တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
ဤတိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသလို ဝင်ရောက်လာသည့် စစ်တပ်ကို ဖယ်ခုံ PDF နှင့် KNDF တို့က ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး ဖယ်ခုံ PDF ၏ပြောရေးဆိုခွင့်ရှိသူကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
[youtube https://youtu.be/3V-TfeT8rvc]