ရုပ်သံသတင်း

မုံရွေး၊ ကြေးမုံရွာတွေကို စစ်ကောင်စီတပ်က ဘယ်လိုဝင်ရောက်စီးနင်းခဲ့သလဲ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောင်ဘက်အစွန်ဆုံးက မုံရွေး၊ကြေးမုံရွာကို စစ်ကောင်စီတပ်တွေက ယနေ့ စက်တင်ဘာ ၂၇ မနက် ၅နာရီခွဲခန့်က စတင်ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့ (PDF) ခေါင်းဆောင်တစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောသည်။

သေနတ်ဖြင့်ပစ်၊ ကားဖြင့်ကြိတ်၍ သတ်ခံရသူမှာ အသက် ၃၀ အရွယ် တောပုရွာ PDF ခေါင်းဆောင် ကိုမြင့်ကျော်မိုးဖြစ်ပြီး ၎င်းခိုလှုံနေသည်ဟု ယူဆသည့် နေအိမ်တစ်လုံးကိုလည်း စစ်တပ်က မီးရှို့သွားသည်ဟု မျက်မြင်သက်သေကပြောသည်။ ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး တွေ့မြင်ကြားသိခဲ့သော မုံရွေးနှင့် ကြေးမုံရွာက ဒေသခံနှစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။

[youtube https://youtu.be/vgaoNrxEb00]

Related Articles

Back to top button