ရုပ်သံသတင်း

“မင်းအောင်လှိုင်ဦးဆောင်တဲ့ (စစ်)တပ်က အမြဲတမ်း ကဖျက်ယဖျက် လုပ်ခဲ့တာ”

ပြီးခဲ့သည့် ၅ နှစ်အတွင်း NLD အစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များကို ‘မင်းအောင်လှိုင်’ ဦးဆောင်သည့် စစ်တပ်က တောက်လျှောက် ‘ကဖျက်ယဖျက်’ လုပ်ခဲ့ပြီး ပြည်ထောင်စုစစ်စစ် တည်ဆောက်ရန်လည်း စစ်တပ်က မလိုလားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောလိုက်သည်။

ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့တွင် ကျရောက်သည့် NLD ပါတီ တည်ထောင်သည့် ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် ပတ်သက်ပြီး Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်ရုံးအဖွဲ့မှူး၊ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူ ဦးမိုးဇော်ဦးက ပါတီတွင်း ဆုံးဖြတ်ချက်ခက်ခဲခဲ့သော ကာလများ၊ အခြေခံဥပဒေကြောင့် ကန့်သတ်ခံရသည့် အစိုးရလုပ်ပိုင်ခွင့်တို့အကြောင်း ပြောပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/ttZHSICCPao]

Show More

Related Articles

Back to top button