ရုပ်သံသတင်း

ချင်းနှင့်မကွေးရှိ မြို့နယ် ၁၁ ခု အင်တာနက်ဖြတ်တောက်ခံရ

စစ်ရေးပြင်းထန်နေသည့် နယ်မြေများဖြစ်သော မကွေးတိုင်းနှင့် ချင်းပြည်နယ်ရှိ မြို့နယ် ၁၁ ခုတွင် ယမန်နေ့ (စက်တင်ဘာ ၂၃) ညနေ ၆ နာရီခန့်မှစ၍ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်လိုက်သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများပြင်းထန်နေစဉ် ရခိုင်မြောက်ပိုင်း ၈ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို စစ်တပ်၏ အလိုအတိုင်း ၂၀၂၀ မေ အထိ တစ်နှစ်ခန့် အင်တာနက်ဖြတ်တောက်ခဲ့ပြီး ထိုဒေသများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်လမ်းကြောင်းပေါ်မှ ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ နေအိမ်များ မီးရှို့ခံရခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်ရပ်များ သတင်းထွက်ပေါ်မှု နှောင့်နှေးခဲ့သည်။

[youtube https://youtu.be/atjk5I7JFL8]

Show More

Related Articles

Back to top button