
စက်တင်ဘာ ၂၀ ရက်နေ့ ကယားပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲတွင် ကျဆုံးသွားခဲ့သည့် ရဲဘော်မှာ မန္တလေးဆန္ဒပြပွဲများတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် စိုင်းဘုန်းမင်းသန့်ဖြစ်ကြောင်း ၎င်းနှင့် ရင်းနှီးခဲ့သူတစ်ဦးက ပြောသည်။
စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေသော်လည်း ဆန္ဒပြပွဲများ ဆက်လက်ရှိနေသည့် မန္တလေးမြို့တွင် မန္တလေးဆန္ဒပြအင်အားစုက ယနေ့ စက်တင်ဘာ ၂၂ ၌ စိုင်းဘုန်းမင်းသန့်ဓာတ်ပုံ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
[youtube https://youtu.be/vWt_L70_Luk]