
စက်တင်ဘာ ၁ ရက်နေ့ကတည်းက ပျောက်ဆုံးနေသည့် သတင်းထောက်ဟောင်းမသူဇာကို ရက် ၂၀ ကျော်ကြာလာသည်အထိ မိသားစုနှင့်အဆက်အသွယ်မရသဖြင့် လူပျောက်တိုင်ချက်ဖွင့်သွားမည်ဟု သူ၏ခင်ပွန်းဖြစ်သူက ဆိုသည်။ မသူဇာသည် နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာပုဒ်မ ၅၀၅ (က)ဖြင့် ဝရမ်းထုတ်ခံထားရသူဖြစ်သည်။
ပြီးခဲ့သည့်မေလက မသူဇာ၏နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအများအပြားဖြင့် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့သော်လည်း နေအိမ်တွင်မရှိသဖြင့် ခင်ပွန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရွှေပြည်သာစစ်ကြောရေးစခန်းတွင် ၄ ရက်ထိန်းသိမ်းခဲ့ကာ ပြန်လွှတ်ပေးခဲ့သည်။
[youtube https://youtu.be/SW6GKYi4Yk8]