အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်မှ နိုင်ငံရေးလှုပ်ရှားသူ လူငယ် ၃ ဦးကို စစ်ကောင်စီတပ် ဝင်ဖမ်း

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် စက်တင်ဘာ ၁၉ ရက်နေ့က နိုင်ငံရေးလှုပ်ရှားသူ လူငယ် ၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း နီးစပ်သူများထံမှ သိရသည်။

၎င်းတို့နေထိုင်ရာ တိုက်ခန်းအသီးသီးတွင် ဖမ်းဆီးခံရသူ ၃ ဦးမှာ ပန်းဘဲတန်းမြို့နယ်၊ လူ့ဘောင်သစ်လူငယ် ဥက္ကဋ္ဌဟောင်း မဝင်းထက်မာ (ခ) အမာ၊ ဗကသကျောင်းသားများဖြစ်ကြသည့် ကိုကျော်ဇင်လင်းနှင့် ကိုပြည့်ဖြိုးကျော် (ခ) ကျားလေးတို့ ဖြစ်သည်။

နံနက် ၉ နာရီခွဲအချိန်တွင် တာမွေမြို့နယ်၊ ၁၅၂ လမ်းရှိ မဝင်းထက်မာ (ခ) အမာ၏ နေအိမ်ကို အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့သည်ဟု သိရကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“ဝင်းထက်မာ နေတဲ့အခန်းကို စစ်တပ်က အရပ်ဝတ်တွေနဲ့ သော့တွေရိုက်ဖျက်ပြီး ဖွင့်တယ်လို့ ရပ်ကွက်က ပြောတာကို ကျွန်တော်တို့ပြန်သိရတယ်” ဟု သူက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မွန်းလွဲ ၂ နာရီခန့်တွင် မေတ္တာညွန့်ရပ်ကွက်၊ ရန်ကြီးအောင်လမ်းရှိ ကိုကျော်ဇင်လင်းနှင့် ကိုပြည့်ဖြိုးကျော် (ခ) ကျားလေးတို့ အဖမ်းခံရသည်ဟု သူက ဆက်ပြောသည်။

“သူတို့ (ကျော်ဇင်လင်း၊ ပြည်ဖြိုးကျော်) နှစ်ယောက်က အတူရှိနေတာလို့ သိရတယ်။ ကျွန်တော်ထင်တယ်၊ ဝင်းထက်မာကို ဖမ်းမိပြီးတဲ့နောက်မှာ သူတို့နေတဲ့အခန်းကို လိုက်တာ။ ဆက်စပ်ပဲထင်တယ်” ဟု ၎င်းက ပြောသည်။ 

၎င်းတို့ ၃ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်းနှင့် အဆက်အသွယ်မရရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသည့်ကိစ္စနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် တာမွေမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း တုံ့ပြန်ချက် မရရှိသေးပေ။

အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီးမှု၊ သတ်ဖြတ်မှုများကို မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စက်တင်ဘာ ၂၀ အထိ အချက်အလက်များအရ အရပ်သားပြည်သူ ၆၆၃၇ ဦးထက်မနည်း ဆက်လက်ထိန်းသိမ်းခံထားရသည်။

စက်တင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းက ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျောက်တိုင်ရွာအနီး ပသီဆည်တွင် ဆန္ဒပြရန် ပြင်ဆင်နေသည့် ကျောင်းသား ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခဲ့သည်။

စက်တင်ဘာ ၁၄ ၌ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် ဒဂုံတက္ကသိုလ်ကျောင်းသား/ ကျောင်းသူ ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဧည့်စာရင်းစစ်စဉ် ဝင်ရောက်ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီတပ်က ရန်ကုန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၃ မှ ၁၆ အတွင်း မြို့နယ် ၅ ခု၌ ဆက်တိုက်ဆိုသလို လူငယ်များကို ဝင်ရောက်ဖမ်းဆီးနေရာ လူငယ် ၃၅ ဦးထက်မနည်း အဖမ်းခံရပြီး လသာမြို့နယ်၊ ၂၂ လမ်းတွင် အမျိုးသားတစ်ဦးမှာ စစ်တပ်က ခြောက်လှန့်ပစ်ခတ်စဉ် ၆ လွှာတိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။ 

၎င်းလူငယ်များရှိသည့် နေရာကို တန်းတန်းမတ်မတ်သွားရောက်ပြီး ဖမ်းဆီးခြင်းဖြစ်သောကြောင့် သတင်းပေးတိုင်ကြားမှုကြောင့် ထိုသို့ ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု ကျောင်းသားသမဂ္ဂများဘက်မှ ယူဆနေကြသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button