
စက်တင်ဘာ ၁၅ ရက်နေ့က မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းရှိ အေးချမ်းသာကျေးရွာတွင် မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းတစ်လောင်းနှင့် သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် ရုပ်အလောင်း ၂ လောင်းတွေ့ရှိကြောင်း ဒေသခံများက အတည်ပြုပါသည်။ မီးရှို့အသတ်ခံရသူမှာ အသက် ၂၆ နှစ်အရွယ် ကိုမင်းမင်းဆိုသူဖြစ်ပြီး ရင်ဘတ်သေနတ်ဒဏ်ရာနှင့် ဦးခေါင်းကိုထုချေပြီး အသတ်ခံထားရသည့် ရုပ်အလောင်းမှာ အသက်၂၈ နှစ်အရွယ် ကိုထွန်းမြင့်ဖြစ်သည်။
တောင်ဘက်ဆည်အနီးအသတ်ခံရပြီး ဆည်ထဲပစ်ချခံရသည့် နောက်တစ်ဦးမှာ အလောင်းရှာမတွေ့သေးသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အေးချမ်းသာရွာရှိ ဆိုင်ကယ် အစီး ၃၀၀ကျော်နှင့် လူမှုကူညီရေး ကားတစ်စီးကိုလည်း မီးပုံရှို့ခဲ့သည်ဟု ဒေသခံများကဆိုသည်။
[youtube https://youtu.be/DNoTrvOSCgc]


