ရုပ်သံသတင်း

ပျူစောထီးအဖွဲ့ရဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ယော PDF သိမ်းပိုက်

ဂန့်ဂေါမြို့နယ်၊ ခေါက်ကူရွာအနီးတွင် ပျူစောထီးအဖွဲ့၏ လက်နက်စခန်းတစ်ခုကို စက်တင်ဘာ ၁၁ရက်က ဝင်ရောက်ရှာဖွေခဲ့ရာ ကာလတန်ဖိုး ကျပ်သိန်း ၇၀တန်သည့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က ပြောသည်။

တိုက်ပွဲများဖြစ်နေသည့် ယောဒေသအတွင်း စစ်ကောင်စီဘက်က ၎င်းတို့ကိုထောက်ခံသည့် ဒေသခံပျူစောထီးအဖွဲ့များကို ပူးပေါင်းလှုပ်ရှားနေသည်ဟု YDF က ဆိုသည်။ အဆိုပါ ပျူစောထီးများကို ယောဒေသ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များ ဦးဆောင်နေသည်ဟု YDF ဘက်က ပြောသော်လည်း ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရသူက ၎င်းတို့ပါတီဝင်များနှင့် ပျူစောထီးအဖွဲ့နှင့် ပါဝင်ပတ်သက်ခြင်းမရှိဟု ငြင်းဆိုထားသည်။

[youtube https://youtu.be/Dpz7WRYSd-g]

Show More

Related Articles

Back to top button