အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခြိမ်းခြောက်ခံရမှုကြောင့် ဦးကိုနီကို လုပ်ကြံရကြောင်း ကြည်လင်းထွက်ဆို

(ရန်ကုန်) – ရန်ကုန်လေဆိပ် သေနတ်သမား ကြည်လင်းက ၎င်းနှင့် မိသားစု အသက်အန္တရာယ် ကျရောက်မည်ကို စိုးရိမ်သဖြင့်  ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရခြင်း ဖြစ်သည်ဟု ဇွန် ၂၈ ရက်နေ့ တရားခွင်တွင် ပြောသည်။

“ ကျွန်တော့်မှာ အပြစ်မရှိပါဘူး။ မိသားစုနဲ့ ကျွန်တော့် အသက်ကို သတ်မယ်ဆိုပြီး ခြိမ်းခြောက် ခိုင်းစေတာကြောင့် အသက်အန္တရာယ်ကြောင့် လုပ်ခဲ့ရခြင်းဖြစ်ပါတယ်”ဟု ၎င်းက ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် ပြောသည်။

ခရိုင်တရားရုံး အထူးခုံရုံးတရားသူကြီးက တရားခွင်တွင် သေနတ်သမားကြည်လင်းကို လေဆိပ်လုပ်ကြံမှုတွင် အပြစ်ရှိ၊ မရှိ မေးမြန်းရာတွင် ၎င်းက ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်နက်မှုနှင့်ပတ်သက်ပြီး ၎င်းတွင် အပြစ်ရှိ၊ မရှိ ဆက်လက်မေးမြန်းရာတွင် ကြည်လင်းက ၎င်းတွင် အပြစ် မရှိကြောင်း၊ လေဆိပ်သို့လာရာတွင် မည်သည့် လက်နက်မျှ သယ်ဆောင် လာခြင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

နောက်တစ်ပတ်ရုံးချိန်းဖြစ်သည့် ဇူလိုင် ၅ ရက်နေ့တွင် တရားသူကြီးက ကြည်လင်းထံမှ စစ်ချက်ယူသည့်အခါ လေဆိပ်တွင် သေနတ် မည်သို့ ရရှိသွားကြောင်း မေးမြန်း စစ်ဆေးဖွယ် ရှိသည်ဟု အများက ယူဆနေကြသည်။

တရားခံရှေ့နေ ဦးကျော်ကျော်ထိုက်က သေနတ်သမားကြည်လင်းကို ခြိမ်းခြောက် ခိုင်းစေသူမှာ မြင့်ဆွေဖြစ်သည်ဟု ထွက်ဆိုခဲ့ပြီးဖြစ်ကြောင်း တရားခွင် ပြင်ပတွင် ပြောသည်။  

ဦးကြည်လင်းနှင့် ဘုရားခိုးဂိုဏ်းတွင် လက်တွဲလုပ်ကိုင်ဖူးသူ အောင်ဝင်းဇော်က ရန်ကုန်မြို့လယ်တွင် လုပ်ကြံသတ်ဖြတ်မှုတစ်ခု လုပ်ပေးလျှင် သိန်းရာနှင့်ချီပေးမည်ဟု   ကမ်းလှမ်းခဲ့ဖူး ကြောင်း အကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးအောင်စိုးက ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။  

ဆက်စပ် ဖတ်ရှုရန် —

ကြည်လင်း၏အမှုတွဲက လုပ်ကြံမှုကျူးလွန်ရန် ကမ်းလှမ်းခဲ့ဟု ထောင်ထွက်တစ်ဦး ထုတ်ဖော်

ကြည်လင်း၏အမှုတွဲက လုပ်ကြံမှုကျူးလွန်ရန် ကမ်းလှမ်းခဲ့ဟု ထောင်ထွက်တစ်ဦး ထုတ်ဖော်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button