
မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘိုကျေးရွာတွင် စစ်ကောင်စီခန့်ထားသည့် အသက် ၅၈ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းကို သေနတ်သမားနှစ်ဦးက ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ပစ်သတ်သွားခဲ့ကြောင်း သိရသည်။
ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးရှိ ၎င်း၏အိမ်ရှေ့တွင်ဈေးရောင်းနေစဉ် သေနတ်သမားနှစ်ဦးက ဈေးဝယ်သူ ဟန်ဆောင်၍ ဦးစိုးသိန်းကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ၎င်းပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးကို မြန်မာနောင်းက ဆက်သွယ်မေးမြန်းထားပါသည်။
[youtube https://youtu.be/quxUK-DrH9g]