ရုပ်သံသတင်း

စစ်အာဏာရှင်ကို ဆက်လက်ဆန္ဒပြနေဆဲ မုံရွာမြို့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ပြည်သူများသည် ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုကို မြို့လယ်ကောင်တွင် ပြုလုပ်ခဲ့ပါသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို လူထောင်ပေါင်းများစွာနှင့် တက်ကြွစွာ ပြုလုပ်လေ့ရှိသည့် မုံရွာမြို့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အာရုံစိုက် ဖမ်းဆီး၊ ပစ်ခတ်၊ သတ်ဖြတ်ခံရသည့် မြို့လည်းဖြစ်ပါသည်။

ဤသို့ အကြမ်းဖက်သတ်ဖြတ်မှုများရှိနေသောလည်း ဆန္ဒပြမှုများ ယနေ့တိုင်ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဆန္ဒပြနေဆဲဖြစ်သည်။ မုံရွာမြို့က ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဝေမိုးနိုင်ကို ဧပြီလက စစ်ကောင်စီတပ်ဖွဲ့ဝင်များကားဖြင့်ဝင်တိုက်ကာ ဖမ်းဆီးခဲ့ကြပြီး ပုဒ်မ ၁၀ ခုဖြင့် တရားစွဲဆိုထားပါသည်။

[youtube https://youtu.be/nMu7T9YEOuE]

Show More

Related Articles

Back to top button