ရုပ်သံသတင်း

အာဏာသိမ်းမှု လေးလကျော်လာပေမဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နိုင်ငံအနှံ့အားကောင်းနေဆဲ

အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်နေသဖြင့် ဆန္ဒပြစစ်ကြောင်းများ အားနည်းသွားသလိုရှိသော်လည်း မေလ အစပိုင်းကစတင်ကာ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ထားဝယ်စသည့် မြို့ကြီးများတွင်သာမက ဖားကန့်၊ ကလေးမြို့စသည့် နယ်မြို့များတွင်လည်း အင်တိုက်အားတိုက် ပြန်လည်ထွက်ပေါ်လာသည်။

စစ်အာဏာသိမ်းမှု လေးလကျော်ကြာမြင့်လာသော်လည်း လမ်းမပေါ်ကလူထုဆန္ဒပြ တိုက်ပွဲများ၊ လက်နက်ကိုင်တိုက်ပွဲများကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်လို့မရသေးဘဲ အကျပ်အတည်းတွေ့နေဆဲဖြစ်ပါသည်။

[youtube https://youtu.be/37jb7UZ-RM8]

Related Articles

Back to top button