
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအဖွဲ့ဝင်(၃)ဦးကို ထောင်(၁၅)နှစ်ထိ ချခံရနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ နှင့် ဇွန်လ(၉)ရက်နေ့က အမှုထပ်မံဖွင့်လိုက်ကြောင်း စစ်ကောင်စီကကြေညာလိုက်သည်။
ပါတီဥက္ကဋ္ဌနှင့် ခေါင်းဆောင်ပိုင်းတာဝန်ရှိသူများကို စစ်ကောင်စီက အဂတိမှုဖြင့်အမှုဖွင့်ခြင်းနှင့်စပ်လျဉ်း၍ ယနေ့ ဇွန်လ ၁၀ ရက်နေ့မွန်းလွဲပိုင်းအချိန်အထိ NLD တာဝန်ရှိသူများထံမှ မှတ်ချက်တစ်စုံတစ်ရာရရှိခြင်းမရှိသေးပေ။
[youtube https://youtu.be/EhGsTXm1kKM]