
စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြသည့်ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အာဏာသိမ်းပြီး ၄ လအကြာတွင် လူငယ်များ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး နည်းလမ်းများ ပြောင်းလဲလာခဲ့သည်။
စစ်အာဏာသိမ်းမှု ၄ လာကြာလာသည့်အချိန်တွင် ရန်ကုန်မြို့ပေါ်၌ ပြောက်ကျားဆန္ဒပြပွဲများဆက်လက်ရှိနေသလို နေ့စဉ်ရက်ဆက် သေနတ်ပစ်ခတ်မှုများ ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်နေပြီး စစ်အာဏာရှင်နှင့် ပတ်သက်ဆက်နွှယ်သူများလည်း သတ်ဖြတ်ခံနေရသဖြင့် စစ်ကောင်စီဘက်မှ တန်ပြန်ဆောင်ရွက်မှုများပေါ်လာနိုင်ကာ မကြာခင်ကာလအတွင်း မြို့ပေါ်တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု ပြည်သူများက ဆိုလာကြသည်။
[youtube https://youtu.be/S20fllSJJUQ]