
ထောင် ၁၄ နှစ်ထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည့် လျှို့ဝှက်ချက်အက်နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စစ်ကောင်စီစွဲထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို နေပြည်တော်၌ ဇွန်လ ၂၃ ရက်နေ့တွင် ကြားနာမည်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မေလ ၃၁ ရက်နေ့ရက်စွဲဖြင့် ကြေညာခဲ့ပါသည်။
ထို့အပြင် ရန်ကုန်အမှုနှင့်ပတ်သက်၍ လေးလနီးပါးကြာလာသည့်ချိန်အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ တွေ့ဆုံဆွေးနွေးခွင့်မရသေးကြောင်း ၎င်း၏ရှေ့နေဖြစ်သူ ဒေါ်စန်းမာလာညွန့်က ဆိုပါသည်။
[youtube https://youtu.be/vM8xpCvMvME]