
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့သည် ကမ္ဘာပေါ်တွင် မလုံခြုံဆုံးမြို့အဖြစ် ထိပ်ဆုံးကရပ်တည်နေကြောင်း လန်ဒန်အခြေစိုက် The Economist မဂ္ဂဇင်း၏ သုတေသန ဌာန The Economist Intelligence Unit (EIU) က ထုတ်ပြန်သည့် ဘေးကင်းလုံခြုံသောမြို့တော်များ အညွှန်းကိန်း ၂၀၂၁ တွင် ဖော်ပြထားပါသည်။
စစ်အာဏာသိမ်းမှု ၇ လတာအချိန်အတွင်း ရန်ကုန်မြို့နေပြည်သူများသည်ကျီးလန့်စာစားဘဝကို ရောက်ရှိသွားပြီး အိမ်ပြင်မထွက်ဘဲ အိမ်ထဲ၌နေသော်လည်း အဖမ်းခံရ၊ အသတ်ခံရနိုင်သည်အထိ လုံခြုံမှုကင်းမဲ့သွားကြောင်း ရန်ကုန်မြို့မှာနေထိုင်သည့် ပြည်သူတစ်ဦးက ဆိုသည်။
[youtube https://youtu.be/elUhsrV8Z8o]