
ကိုဗစ်တတိယလှိုင်းနှင့် အပြင်းအထန်ရင်ဆိုင်နေရသည့် မြန်မာပြည်သူများသည် ဆေးရုံဆေးခန်းကို အလွယ်တကူ တက်ရောက်ကုသရန် ခက်ခဲနေသလို ပြင်ပဆေးဆိုင်များတွင်လည်း အိမ်သုံးဆေးဝါးအပါအဝင် ရောဂါအတွက် လိုအပ်သည့် ဆေးများဝယ်ယူရန်အတွက်လည်း အခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။
ရန်ကုန်မြို့တွင်း ဖွင့်လှစ်နေဆဲ ဆေးဆိုင်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ခိုင်းသလို ဆေးဝယ်ရန် တန်းစီစောင့်ဆိုင်းနေသည့် ပြည်သူများကို ကိုဗစ်အကြောင်းပြချက်ဖြင့် အတင်းအကျပ်လူစုခွဲပြန်ခိုင်းသည် ဖြစ်စဉ်အချို့လည်း ရှိနေပါသည်။
[youtube https://youtu.be/d5kczSC7IJ0]