အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗုံးဖြင့် ဖြိုခွင်းခံရသည့် ဖားကန့်ဆန္ဒပြမှုတွင် ၁ ဦးသေ၊ ၂၀ ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့၌ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ယနေ့ ( မေ ၂) နေ့လယ်တွင် လက်ပစ်ဗုံးနှင့် သေနတ်သုံး၍ အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ဒေသခံတို့က အတည်ပြုသည်။

မော်ဝမ်းနှင့် လုံးခင်းရပ်ကွက်တို့မှ ဆန္ဒပြသူများကို မော်ဝမ်းရပ်ကွက် စီးပွားရေးဘဏ်ဟောင်းရှေ့အရောက် စတင်ပစ်ခတ်ဖြိုခွင်းချိန်တွင် လက်ပစ်ဗုံးတစ်လုံးကိုပါ လူအုပ်အတွင်းပစ်ထည့်ခဲ့သဖြင့် ထိခိုက်မှုပြင်းထန်ခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။

ထိုသို့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက် ၃၃ နှစ်အရွယ် ကိုဝေဖြိုးဆိုသူ ဦးခေါင်းကျည်ထိ သေဆုံးသွားပြီး ဗုံးစနှင့် ကျည်ဆန်ထိသူများလည်းရှိကြောင်း ၎င်းကဆိုသည်။

“ သူတို့(စစ်တပ်နဲ့ရဲ)က သေနတ်လည်း သုံးတယ်။ ဆုံးသွားတဲ့သူကတော့ သေနတ်မှန်တာ။ …. ဆန္ဒပြတဲ့ လူအုပ်ထဲကို မိုင်း(လက်ပစ်ဗုံး) ပစ်ထည့်သွားတာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ကိုဝေဖြိုး၏ ရုပ်အလောင်းကို မွန်းလွဲပိုင်းအထိ ပြန်ကောက်၍ မရသေးသော်လည်း ဒဏ်ရာရရှိသူများအား အကြမ်းဖက်ဖြိုခွင်းခံရသည့် နေရာများမှ ကယ်ထုတ်နိုင်ခဲ့၍ လုံခြုံသည့် နေရာတစ်ခု၌ ဆေးကုသမှုပေးနေသည်ဟု ၎င်းထံမှ သိရသည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ယနေ့အထိ နိုင်ငံအနှံ့တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူပေါင်း ၇၅၀ ထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်သော်လည်း ပြည်သူတို့၏ ဆန့်ကျင်မှုများ အရှိန်မြင့်နေဆဲဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button