အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် လူငယ်တစ်ဦး အပစ်ခံရပြီး စစ်တပ်က ယူဆောင်သွား

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ကားတာယာမီးရှို့သည့် လူငယ်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် စစ်တပ်က ယူဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူများက Myanmar Now ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ (ဧပြီ ၂၄) နံနက် ၁၀ နာရီခွဲခန့်တွင် ၆၈ လမ်း၌ ဖြတ်သန်းသွားလာသူများကို တားဆီးပြီး ဆိုင်ကယ်ဘောက်များအတွင်း ရှာဖွေခြင်း၊ ဖုန်းများကို စစ်ဆေးဖမ်းဆီးခြင်းများ ပြုလုပ်နေချိန်တွင် လူငယ်တစ်ဦးက ၆၅ လမ်းနှင့် ၁၀၇ လမ်းပေါ်၌ ကားတာယာများကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

“တစ်ဖက်မှာ ဖမ်းနေတော့ သူက အာရုံလွဲအောင် တာယာမီးရှို့တာ၊ ရဲတွေက အရပ်ဝတ်တွေနဲ့ဆိုတော့ သူက မရိပ်မိဘူး” ဟု မျက်မြင်တွေ့ရှိသူက ဆိုသည်။

ယင်းသို့ ပြုလုပ်နေချိန် အရပ်ဝတ်ရဲများ ရောက်ရှိလာပြီး လိုက်လံပစ်ခတ်ရာ အဆိုပါလူငယ် ထွက်ပြေးစဉ် ၆၄ လမ်းတွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့သည်ဟု သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါလူငယ်မှာ ဦးခေါင်းနှင့် ဗိုက်တွင် ကျည်ထိမှန်ကာ မလှုပ်နိုင်တော့သည့်အချိန်တွင် ထပ်မံကာ ဝိုင်း၍ ရိုက်နှက်ပြီး ကားပေါ်ဆွဲတင်သွားကြောင်း မျက်မြင်တွေ့ရှိသူက ပြောသည်။

“ပစ်ခံရပြီးကတည်းက မလှုပ်တော့တာ။ ဒါကို ရှို့ဦးမှာလား၊ ရှို့ဦးမှာလားဆိုပြီး ဝိုင်းရိုက်ကြတယ်။ ပြီးတော့ ခွေးဘီလူးကားပေါ် ဆွဲတင်သွားတယ်။ သွေးတွေကိုလည်း သူတို့ပဲ ဆေးသွားတယ်” ဟု အထက်ပါ မျက်မြင်တွေ့ရှိသူက ပြောသည်။

အဆိုပါလူငယ် မည်သူမည်ဝါဖြစ်ကြောင်း Myanmar Now က လတ်တလော အတည်မပြုနိုင်သေးပေ။

ယနေ့နံနက်ကလည်း ဆန္ဒပြနေသော သပိတ်စစ်ကြောင်းတစ်ခု မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက်တွင် ဖြိုခွဲခံရပြီး လူငယ်များ ထွက်ပြေးတိမ်းရှောင်ရာ ရပ်ကွက်များအထိ စစ်တပ်က လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့သည်။ ယင်း ဖြိုခွဲမှုတွင် ရပ်ကွက်နေသူတစ်ဦး ကျည်ထိမှန်ကာ ၅ ဦးထက်မနည်း အဖမ်းခံခဲ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button