
ထိုင်ဝမ်နိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေသော မြန်မာ
ချန်ကေရှိတ်အမှတ်တရခန်းမတွင် ပညာတော်သင်ကျောင်းသားများက အစီအစဉ်လေးခုဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးသွားသော သူရဲကောင်းများအတွက် ဂုဏ်ပြုဆုတောင်းပေးကြပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ကမ္ဘာတစ်ဝန်းက သိရှိစေရန်၊ စစ်အာဏာသိမ်းမှုကို ကမ္ဘာ့နိုင်ငံအသီးသီးက ရှုတ်ချကြရန် တိုက်တွန်းခဲ့ကြသည်။

ပွဲမှရရှိသည့် အလှူငွေများကို ကျဆုံးသွားသော မိသားစုများကို ထောက်ပံ့မည်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို လှူဒါန်းမည်ဟု ကျောင်းသားများက အခမ်းအနားတွင် ကြေညာသည်။
ထိုပွဲတွင် မြန်မာကျောင်းသားများအပြင် ထိုင်ဝမ်နိုင်ငံသားများကပါ လာရောက်၍ ပါဝင်လှူဒါန်းခဲ့သည်။
မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေး
မတ် ၂၈ ရက်၊ ည ၈နာရီ အထိ CRPH သို့ အလှူငွေ အမေရိကန်ဒေါ်လာ ငါးသန်းခွဲခန့် ရရှိထားကြောင်း ထုတ်ပြန်ထားသည်။