အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တမူးတွင် ညအချိန် အကြောင်းမဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံး 

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် စစ်ကောင်စီ၏လက်နက်ကိုင်တပ်များက ယမန်နေ့ညက အကြောင်းမဲ့ ပစ်ခတ်ခဲ့၍ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ကျဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

နေ့စဉ် ရက်ဆက် ဆန္ဒပြနေသော အိန္ဒိယနယ်စပ် တမူးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ယမန်နေ့ည ၁၁ နာရီခန့်က အကြမ်းဖက် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ ပစ်ခတ်မှုကြောင့် အသက် ၃၃ နှစ် အရွယ် ကိုမျိုးမင်းအောင်သည် ရင်ဘတ်ကျည်ထိဒဏ်ရာ ဖြင့် ကျဆုံးခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။ 

“ညာဘက်ရင်ဘတ် ထုတ်ချင်းပေါက်ပွင့်သွားတယ်။ ဆေးရုံရောက်ပြီး သွေးနှစ်လုံး သွင်းပေမယ့် အပေါက်က ကြီးတော့ ည ၁၂ နာရီလောက်မှာပဲ ဆုံးသွားတယ်” ဟု ကိုမျိုးမင်းအောင် ၏ ညီဖြစ်သူက Myanmar Now ကို ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ညီဖြစ်သူ ကိုမျိုးမင်းအောင်၏ ဈာပနအား  ယနေ့ မတ် ၂၆ မွန်းလွဲ ၂ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

ကိုမျိုးမင်းအောင် ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့်  နှစ်နှစ်အရွယ် သားတစ်ဦး ကျန်ရစ်ကြောင်း သိရသည်။ 

အိန္ဒိယ- မြန်မာနယ်စပ် တမူးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို နေ့စဥ်ရက်ဆက်ပြုလုပ်နေပြီး ယခုဖြစ်စဥ်မှာ ပထမဦးဆုံး သွေးမြေကျမှု ဖြစ်သည်။ 

ဒဏ်ရာရသူများအနက် အသက် ၂၉ နှစ်အရွယ် ကိုနန်းဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် အိန္ဒိယ ဘက်သို့ ပို့ဆောင်ကုသနေရကြောင်း ဒေသခံများထံမှ သိရသည်။ 

အာဏာသိမ်းပြီး ရက်ပေါင်း ၅၀ ကျော်အတွင်း စစ်ကောင်စီလက်နက်ကိုင်တပ်များ၏ပစ်ခတ်ဖြိုခွဲမှုကြောင့်သေဆုံးသူဦးရေ ၃၂၀ ရှိကြောင်းနိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက မတ် ၂၅ တွင် ထုတ်ပြန်ထားသည်။ 

ယမန်နေ့က တမူးမြို့အပြင် အခြားဒေသများ၌ စစ်ကောင်စီလက်နက်ကိုင်များ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်။ 

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button