အကျအဆုံး အထိအခိုက်စာရင်းကို အတိအကျ မသိရသေးသော်လည်း ထုတ်ပြန်ထားသည့်ဓာတ်ပုံများတွင် အလောင်း ၅ လောင်းထက်မနည်းတွေ့ရပြီး ဖမ်းဆီးခံရသူ ၈ ဦး တွေ့ရသည်။
စစ်ကောင်စီလက်နက်ကိုင်များ၏ တပ်မတော်နေ့ပွဲကို ယနေ့ နံ နက်ကနေပြည်တော်တွင်ပြုလုပ်ခဲ့ကြသော်လည်း တောတွင်းစစ်စခန်းများတွင်မူ တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံနေရသည်။
ပြီးခဲ့သည့် မတ် ၂၅ ရက်ကလည်း ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်နက်ကိုင်များ၏ အလော့ဘွမ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်များတွင် KIA နှင့် KNU တို့သည် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ၎င်းတို့သည် အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူများအား အကြမ်းဖက်ဖြိုခွဲမှုများအား လက်မခံကြောင်း ထုတ်ပြန်ထားသည်။