သတင်း

City Mart အပါအဝင် ဈေးဝယ်စင်တာများနှင့် ကုန်တိုက်ဝန်ထမ်းများ ခေါ်ယူသတိပေးခံရ 

စစ်ကောင်စီက City Mart၊ Orange နှင့် စိန်ဂေဟာအပါအဝင် ဈေးဝယ်စင်တာများနှင့် ကုန်တိုက်ဝန် ထမ်းများကို ယနေ့ (မတ် ၂၄) မွန်းလွဲပိုင်းကတည်းက စတင်ခေါ်ယူခဲ့ရာ ယနေ့ည ၁၀ နာရီခွဲအချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်း သက်ဆိုင်သူများက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသံတိတ်သပိတ်ဆင်နွှဲနေသော ယနေ့တွင် ဆိုင်များပိတ်ထားခြင်းကြောင့် ခေါ်ယူသတိပေးသည်ဟု ထင်မြင်ကြောင်း City Mart တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ၁၀ နာရီခွဲအချိန်တွင် အတည်ပြုပြောကြားသည်။

ရန်ကုန်မြို့တော်ခန်းမသို့ စစ်ကောင်စီက ခေါ်ယူသော အဆိုပါအစည်းအဝေးသို့ City Mart ကိုယ်စားပြု ဝန်ထမ်းသုံးဦး သွားရောက်ခဲ့ပြီး အခြေအနေစောင့်ကြည့်နေသည်ဟုလည်း အဆိုပါတာဝန်ရှိသူက ပြောသည်။ 

“စဖြစ်တာတော့ မသိဘူး။ ညီမအစ်ကိုက Orange ဝန်ထမ်းအနေနဲ့ သွားတာ။ ပြန်မလွတ်တာတော့ သိတယ်။ စောစောက ရဲတစ်ယောက်ရဲ့ဖုန်းကနေ အဆက်အသွယ်ရတယ်။ ဒီညတော့ ပြန်မလွှတ်ဘူးလို့ ပြောတယ်” ဟု မြို့တော်ခန်းမတွင် ရောက်ရှိနေသူ ဈေးဝယ်စင်တာဝန်ထမ်းတစ်ဦး၏ ညီမဖြစ်သူက Myanmar Now ကို အတည်ပြုပြောကြားသည်။ 

စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အသံတိတ်သပိတ် ပြုလုပ်သည့် ယနေ့တွင် ဆိုင်များ၊ ဝန်ဆောင်မှု များ ပိတ်သိမ်းထားမည်ဖြစ်ကြောင်း City Mart အပါအဝင် နာမည်ကျော်စီးပွားရေးလုပ်ငန်းများက ယမန်နေ့တွင် ကြေညာခဲ့သည်။ 

“အစည်းအဝေးလို့ပြောတယ်။ နေ့လယ်လောက်ကတည်းက သွားရတယ်။ အမေ့ဆီကိုတော့ ၉ နာရီ မထိုးခင်က တခြားဖုန်းတစ်ခုနဲ့ ဆက်တယ်” ဟု မြို့တော်ခန်းမရောက်ရှိနေသူ စိန်ဂေဟာဝန်ထမ်းတစ်ဦး၏ သားဖြစ်သူက ပြောသည်။ 

စစ်ကောင်စီက မြို့တော်ခန်းမသို့ ဆင့်ခေါ်ခံခဲ့ရသူများတွင် လူသိများသော ဈေးဝယ်စင်တာများ၊ ကုန်တိုက်များနှင့် စတိုးဆိုင်များ ပါဝင်သည်ဟု သိရသော်လည်း အမည်နှင့် အရေအတွက်အတိအကျ မသိရသေးသော်လည်း ခန့်မှန်းခြေ လူဦးရေ ၁၀၀ ခန့်ရှိသည်ဟု မြို့တော်ခန်းမအတွင်းရောက်ရှိနေသူ စိန်ဂေဟာဈေးဝယ်စင်တာဝန်ထမ်း၏ သားဖြစ်မှတဆင့် သိရသည်။ 

ကိုမူ မသိရှိရသေးပေ။ ဈေးဝယ်စင်တာများနှင့် ကုန်တိုက်များ၊ စတိုးဆိုင်များမှ ဒါဇင်နှင့်ချီသော အဆိုပါဝန်ထမ်းများမှာ ယနေ့ညတွင် မြို့တော်ခန်းမ၌သာ ညလုံးပေါက်နေရမည့်သဘောရှိကြောင်း အထက်ပါ သက်ဆိုင်သူများက ပြောသည်။ 

 

 

Show More

Related Articles

Back to top button